back

ဆက်တိုက်မြင့်တက်ခဲ့သည့် ဒေါ်လာနှင့် ရွှေဈေး ပြန်ကျ

Feb 02 • 3:01 AM

breaking-news

Myanmar

International

cover

ဆက်တိုက်မြင့်တက်ခဲ့သည့် ဒေါ်လာနှင့် ရွှေဈေး ပြန်ကျ

ဇန်နဝါရီလအတွင်း စံချိန်တင် မြင့်တက်ခဲ့သည့် ပြည်တွင်း ရွှေဈေးနှင့် ဒေါ်လာဈေး ပြန်ကျလာနေကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။ဇန်နဝါရီလအတွင်း အခေါက်ရွှေတစ်ကျပ်သားလျ...

ဇန်နဝါရီလအတွင်း စံချိန်တင် မြင့်တက်ခဲ့သည့် ပြည်တွင်း ရွှေဈေးနှင့် ဒေါ်လာဈေး ပြန်ကျလာနေကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။ဇန်နဝါရီလအတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၁၀၀ ကျော်ထိ စံချိန်တင်ဈေးတက်ခဲ့ပြီး ဇန်နဝါရီလ ၂၉ ရက်နေ့၌ ၁၁,၇၀၀,၀၀၀ ကျပ်အထိ ထပ်မံစံချိန်တင်ခဲ့ကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၁၀,၅၀၀,၀၀၀ သို့ ဈေးပြန်ကျခဲ့သည်ဟု ဆိုသည်။အလားတူ ‌အမေရိကန် ဒေါ်လာဈေးနှုန်းများလည်း ပြန်လည်ကျဆင်းလာခဲ့ပြီး အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၄၀၀၀ ကျပ်ဝန်းကျင်သို့ ပြန်လည်ကျဆင်းလာကြောင်း သိရသည်။

news-view-count-icon

23