back

အာဆီယံ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို မြန်မာပါဝင်တက်ရောက်

Feb 02 • 2:05 AM

breaking-news

Myanmar

International

cover

အာဆီယံ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို မြန်မာပါဝင်တက်ရောက်

ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်မှ ၃၀ ရက်အထိ ကျင်းပခဲ့သည့် (၂၉) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ...

ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်မှ ၃၀ ရက်အထိ ကျင်းပခဲ့သည့် (၂၉) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ သံရုံးယာယီတာဝန်ခံ ဦးစိုးကိုကို ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။ အဆိုပါအစည်းအဝေးများမှတစ်ဆင့် ၂၀၂၆-၂၀၃၀ ကာလအတွက် အာဆီယံခရီးသွားလုပ်ငန်းစီမံကိန်းများ၊ အာဆီယံအပေါင်း ၃ (တရုတ်၊ ဂျပန်၊ ကိုးရီးယား) နှင့် ရုရှား၊ အိန္ဒိယတို့နှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များကို အတည်ပြုခဲ့ကြသည်။ ထို့ပြင် အာဆီယံခရီးသွားလုပ်ငန်းစံနှုန်း ဆုပေးအပ်ပွဲတွင် မြန်မာနိုင်ငံမှ ဟိုတယ် (၂၄) ခုက ကဏ္ဍအသီးသီးအလိုက် ဆုများ ဆွတ်ခူးရရှိခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

14