back

သီပေါ သီတဂူစက္ခုဒါန ဆေးရုံ ၅၅ ကြိမ်မြောက် မျက်စိခွဲစိတ်ကုသမှုအစီအစဉ်တွင် မျက်စိဝေဒနာရှင် ၃၈၂ ဦးကို အခမဲ့ ခွဲစိတ်ကုသပေးနိုင်ခဲ့

Feb 01 • 6:16 AM

breaking-news

Myanmar

Local

breaking-news
cover

သီပေါ သီတဂူစက္ခုဒါန ဆေးရုံ ၅၅ ကြိမ်မြောက် မျက်စိခွဲစိတ်ကုသမှုအစီအစဉ်တွင် မျက်စိဝေဒနာရှင် ၃၈၂ ဦးကို အခမဲ့ ခွဲစိတ်ကုသပေးနိုင်ခဲ့

သီပေါမြို့ရှိ သီတဂူစက္ခုဒါန ဆေးရုံတွင် ၅၅ ကြိမ်မြောက် မျက်စိခွဲစိတ်ကုသမှုအဖြစ် မျက်စိဝေဒနာရှင်ပေါင်း ၈၆၅ ဦးကို စမ်းသပ်စစ်ဆေးပေးခဲ့ပြီး မျက်စိဝေဒနာရှင် ၃၈၂ ဦးကို...

သီပေါမြို့ရှိ သီတဂူစက္ခုဒါန ဆေးရုံတွင် ၅၅ ကြိမ်မြောက် မျက်စိခွဲစိတ်ကုသမှုအဖြစ် မျက်စိဝေဒနာရှင်ပေါင်း ၈၆၅ ဦးကို စမ်းသပ်စစ်ဆေးပေးခဲ့ပြီး မျက်စိဝေဒနာရှင် ၃၈၂ ဦးကို အခမဲ့ ခွဲစိတ်ကုသပေးခဲ့ကြောင်း ဆေးရုံမှတ်တမ်းအရ သိရှိရသည်။သီပေါသီတဂူစက္ခုဒါနဆေးရုံ၏ ၅၅ ကြိမ်မြောက် အခမဲ့မျက်စိကုသမှု အစီအစဉ်ကို ၂၀၂၆-ခုနှစ် ဇန္နဝါရီလ ၂၈ ရက်မှ ဇန္နဝါရီလ ၃၁-ရက်ထိ ဖွင့်လှစ်ကုသသွားရန် စီစဉ်ထားသော်လည်း ယခုအကြိမ်တွင် အနယ်နယ်အရပ်ရပ်မှ ကုသရန် ကြိုတင်လာရောက် စောင့်ဆိုင်းသူများအရ အစီအစဉ်ကို နှစ်ရက်စော၍ ဇန်နဝါရီ ၂၆ ရက်နေ့မှစတင် ဖွင့်လှစ်ကုသပေးခဲ့ကြောင်း သိရှိရသည်။

အခမဲ့မျက်စိကုသမှု အစီအစဉ်ကို ၂၈ ရက်နေ့လို့ ကြေငြာထားပေမယ့် ၂၆ ရက်နေ့မှာ ၂-ရက်စောပြီး ကုသပေးပါတယ် ။ ဆောင်းတွင်းအေးကအေးနဲ့ ကုချင်ကြလွန်းလို့ အစောကြီးထဲက လာအိပ်စောင့်နေကြတာမို့ အားလုံးအဆင်သင့်ဖြစ်နေကြလို့ ကုပေးလိုက်ပါတယ် ။ မူလက ခွဲစိပ်ကုသဖို့ လူနာ ၂၅၀ လျာထားပေမယ့် ၃၈၀ ကျော် ဆောင်ရွက်နိုင်ခဲ့တယ် " ဟု သီပေါ မဟာမုနိဘုရားကြီးကျောင်းတိုက် ဆရာတော် ဦးပညာသီရိက မိန့်ကြားခဲ့သည် ။

news-view-count-icon

47