back

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ကန်တော့ပလ္လင်ဘုရား အဝင်မုခ်ရှိ ထိုင်တော်မူဆင်းတုတော်အား ရွှေသင်္ကန်း စတင်ကပ်လှူ

Feb 01 • 1:23 AM

breaking-news

Myanmar

Mandalay

cover

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ကန်တော့ပလ္လင်ဘုရား အဝင်မုခ်ရှိ ထိုင်တော်မူဆင်းတုတော်အား ရွှေသင်္ကန်း စတင်ကပ်လှူ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ နရပတိစည်သူမင်းကြီးနှင့်နား တောင်းများမင်း(ခေါ်) ဇေယျသိင်္ခမင်းကြီးတို့ တည်ထားကိုးကွယ်ခဲ့...

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ နရပတိစည်သူမင်းကြီးနှင့်နား တောင်းများမင်း(ခေါ်) ဇေယျသိင်္ခမင်းကြီးတို့ တည်ထားကိုးကွယ်ခဲ့သည့် ကန်တော့ပလ္လင်ဘုရား အဝင်မုခ်ရှိ ထိုင်တော်မူဆင်းတုတော်အား ယမန်နေ့နံနက် (၇)နာရီအချိန်က စတင်ကာ ရွှေသင်္ကန်းစတင်ကပ်လှူလျက်ရှိကြောင်း သိရသည်။ကန်တော့ပလ္လင်ဘုရားကြီးကို နရပတိစည်သူမင်းကြီးက ကောဇာသက္ကရာဇ် ၅၆၅ ခုနှစ်၊ အေဒီ ၁၂၀၃ ခုနှစ်တွင် စတင်တည်ထားခဲ့ပြီး (၈)နှစ်အကြာတွင် မင်းကြီးနတ်ရွာစံ ကံကုန်တော်မူသဖြင့် သားတော် နားတောင်းများမင်း(ခေါ်) ဇေယျသိင်္ခမင်းက ကောဇာသက္ကရာဇ် ၅၈၈ ခုနှစ်တွင် အပြီးတိုင် တည်ထားကိုးကွယ်ခဲ့ကြောင်း သိရသည်။ ကန်တော့ပလ္လင်ဘုရားကြီးသည် လိုဏ်လေးဆင့်ခံ နှစ်ထပ်ဂူဘုရားဖြစ်၍ ဉာဏ်တော် (၁၈၀)ပေမြင့်သည့် ဂူဘုရားဖြစ်ကြောင်း သိရသည်။

news-view-count-icon

39