back

ဘိုင်ယန်ကွင်းလယ်လူ ဂိုဟက်ဇ်ကာ အသင်းနှင့် ၈ နှစ်တာလက်တွဲပြီးနောက် ရာသီကုန်တွင် လမ်းခွဲမည်

Jan 31 • 7:02 AM

breaking-news

Myanmar

International

cover

ဘိုင်ယန်ကွင်းလယ်လူ ဂိုဟက်ဇ်ကာ အသင်းနှင့် ၈ နှစ်တာလက်တွဲပြီးနောက် ရာသီကုန်တွင် လမ်းခွဲမည်

ဘိုင်ယန်မြူးနစ်အသင်း၏ အဓိကကွင်းလယ်လူ ဂိုဟက်ဇ်ကာ (Leon Goretzka) သည် ယခုနှစ်ဘောလုံးရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အသင်းမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း...

ဘိုင်ယန်မြူးနစ်အသင်း၏ အဓိကကွင်းလယ်လူ ဂိုဟက်ဇ်ကာ (Leon Goretzka) သည် ယခုနှစ်ဘောလုံးရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အသင်းမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း သိရသည်။ အသက် ၃၀ အရွယ်ရှိ ဂိုဟက်ဇ်ကာသည် ၂၀၁၈ ခုနှစ်တွင် ဘိုင်ယန်သို့ စတင်ရောက်ရှိလာခဲ့ပြီး ၈ နှစ်တာကာလအတွင်း ဘွန်ဒစ်လီဂါချန်ပီယံ ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် အောင်မြင်မှုအမြောက်အမြား ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။ ၎င်းသည် အသင်းအတွက် ပြိုင်ပွဲစုံ ၂၉၂ ပွဲကစားကာ ၄၇ ဂိုး သွင်းယူပေးခဲ့ပြီး ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့တွင် အက်သလက်တီကိုအသင်း၏ စိတ်ဝင်စားမှုကို ခံခဲ့ရသူလည်းဖြစ်သည်။ လက်ရှိတွင် ၎င်းအား ခေါ်ယူရန် ဥရောပထိပ်သီးကလပ်အချို့က စောင့်ကြည့်လျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

24