back

မန်စီးတီးတောင်ပံကစားသမား အော်စကာဘော့ဘ်ကို ဖူလ်ဟမ် ခေါ်ယူ

Jan 31 • 2:15 AM

breaking-news

Myanmar

International

cover

မန်စီးတီးတောင်ပံကစားသမား အော်စကာဘော့ဘ်ကို ဖူလ်ဟမ် ခေါ်ယူ

ဖူလ်ဟမ်အသင်းဟာ မန်စီးတီးအသင်းက နော်ဝေတောင်ပံကစားသမား အော်စကာဘော့ဘ်ကို ပေါင် ၂၇ သန်းနဲ့ခေါ်ယူခဲ့ပါတယ်။ဘော့ဘ်ရဲ့ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းရှိတယ်လို့ ဖော်ပြခ...

ဖူလ်ဟမ်အသင်းဟာ မန်စီးတီးအသင်းက နော်ဝေတောင်ပံကစားသမား အော်စကာဘော့ဘ်ကို ပေါင် ၂၇ သန်းနဲ့ခေါ်ယူခဲ့ပါတယ်။ဘော့ဘ်ရဲ့ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ကစားသမားဘော့ဘ်ဟာ ဖူလ်ဟမ်အသင်းနဲ့ ငါးနှစ်ခွဲသက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တာလည်းဖြစ်ပါတယ်။၎င်းဟာ ဖူလ်ဟမ်ကိုပြောင်းရွှေ့ဖို့ အသင်းကွင်းလယ်လူနဲ့ လက်ရွေးစင်အသင်းဖော် ဆန်ဒယ်ဘာ့ဂ်နဲ့တိုင်ပင်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။မန်စီးတီးအကယ်ဒမီထွက် ဘော့ဘ်ဟာ အသင်းကြီးအတွက် ၄၇ ပွဲကစားခဲ့ရာ သုံးဂိုးသွင်းပြီး လေးဂိုးဖန်တီးခဲ့ပါတယ်။ဘော့ဘ်ရဲ့အနာဂတ်အပြောင်းအရွှေ့ကနေ မန်စီးတီးက ၂၀ ရာခိုင်နှုန်း ရရှိမှာဖြစ်ပြီး သတ်မှတ်နှုန်းထား

တစ်ခုနဲ့ ပြန်လည်ခေါ်ယူခွင့်လည်း ပါဝင်ပါတယ်။

news-view-count-icon

28