back

ဘန်ကောက်က Grand Palace နဲ့ မြဘုရားကို လည်ပတ်နိုင်မယ့် အချိန်ကို သတ်မှတ်

Jan 30 • 2:53 PM

breaking-news

Thailand

Local News

cover

ဘန်ကောက်က Grand Palace နဲ့ မြဘုရားကို လည်ပတ်နိုင်မယ့် အချိန်ကို သတ်မှတ်

ထိုင်းနိုင်ငံရဲ့ နတ်ရွာစံ မယ်တော်ကြီး သီရိခေတ် ရဲ့ ရက် ၁၀၀ ပြည့် အောက်မေ့ဖွယ် တော်ဝင်အခမ်းအနားတွေ ကျင်းပမှာဖြစ်တဲ့အတွက် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့နဲ့ ဖေဖော...

ထိုင်းနိုင်ငံရဲ့ နတ်ရွာစံ မယ်တော်ကြီး သီရိခေတ် ရဲ့ ရက် ၁၀၀ ပြည့် အောက်မေ့ဖွယ် တော်ဝင်အခမ်းအနားတွေ ကျင်းပမှာဖြစ်တဲ့အတွက် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့နဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွေမှာ Grand Palace နဲ့ Wat Phra Kaew (မြဘုရား) ကို ဝင်ရောက်လေ့လာနိုင်မယ့် အချိန်တွေကို နန်းတွင်းရေးရာဌာန က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ Grand Palace နဲ့ မြဘုရား အတွက် လက်မှတ်တွေကို မနက် ၈ နာရီခွဲကနေ နေ့လယ် ၁၂ နာရီအထိ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ လက်မှတ်တွေကို နေ့လယ် ၁ နာရီကနေ ညနေ ၃ နာရီခွဲအထိ ရောင်းချပေးမှာ ဖြစ်ပါသည်။


news-view-count-icon

35