back

တရုတ်နိုင်ငံတွင် ယန်ဇီဆူးတောင်မဲ့လင်းရှူး အကောင်ရေ တိုးပွားလာ

Jan 30 • 2:31 PM

breaking-news

China

Local News

cover

တရုတ်နိုင်ငံတွင် ယန်ဇီဆူးတောင်မဲ့လင်းရှူး အကောင်ရေ တိုးပွားလာ

တရုတ်နိုင်ငံ၊ ယန်ဇီမြစ်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ၁၀ နှစ်ကြာ ငါးဖမ်းခွင့်ပိတ်ပင်ထားခြင်းကြောင့် ယန်ဇီ ဆူးတောင်မဲ့လင်းရှူးအကောင်ရေမှာ ၂၀၂၂ ခုနှစ်စစ်တမ်...

တရုတ်နိုင်ငံ၊ ယန်ဇီမြစ်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ၁၀ နှစ်ကြာ ငါးဖမ်းခွင့်ပိတ်ပင်ထားခြင်းကြောင့် ယန်ဇီ ဆူးတောင်မဲ့လင်းရှူးအကောင်ရေမှာ ၂၀၂၂ ခုနှစ်စစ်တမ်းကောက်ယူမှုနှင့် နှိုင်းယှဉ်ပါက ၁၇၇ ကောင် တိုးပွားလာကာ ၁,၄၂၆ ကောင်အထိ မြင့်တက်လာခဲ့ကြောင်း ဇန်နဝါရီ ၃၀ ရက် သတင်းစာရှင်းလင်းပွဲအရ သိရသည်။ ယန်ဇီ ဆူးတောင်မဲ့လင်းရှူးသည် နိုင်ငံတော်အဆင့် ပထမတန်းစား ကာကွယ်ထိန်းသိမ်းထားသည့် တောရိုင်းတိရစ္ဆာန်တစ်မျိုး ဖြစ်ကာ ထိုလင်းရှူးအကောင်ရေက ယန်ဇီမြစ် ဂေဟဗေဒပတ်ဝန်းကျင်၏ ဘာရိုမီတာလည်း ဖြစ်သည်။ 



news-view-count-icon

4