back

စင်ကာပူတွင် အသက် ၇၁ နှစ်အရွယ် အမျိုးသမီး ဒေါ်လာ ၂ သိန်းခွဲလိမ်မှုနဲ့ ထောင်ကျ

Jan 30 • 2:41 AM

breaking-news

Singapore

Local News

cover

စင်ကာပူတွင် အသက် ၇၁ နှစ်အရွယ် အမျိုးသမီး ဒေါ်လာ ၂ သိန်းခွဲလိမ်မှုနဲ့ ထောင်ကျ

စင်ကာပူနိုင်ငံက အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Neo Ngou Moy ဆိုသူ အမျိုးသမီးကြီးဟာ အလှကုန်ပစ္စည်းတွေမှာ ရင်းနှီးမြှုပ်နှံရင် အကျိုးအမြတ်အများကြီးရမယ်ဆိုပြီး လူ ...

စင်ကာပူနိုင်ငံက အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Neo Ngou Moy ဆိုသူ အမျိုးသမီးကြီးဟာ အလှကုန်ပစ္စည်းတွေမှာ ရင်းနှီးမြှုပ်နှံရင် အကျိုးအမြတ်အများကြီးရမယ်ဆိုပြီး လူ ၁၂ ဦးထံကနေ စင်ကာပူဒေါ်လာ ၂ သိန်းခွဲနီးပါး (S$249,994) လိမ်လည်ခဲ့တဲ့အတွက် ထောင်ဒဏ် ၆၆ လ (၅ နှစ်ခွဲ) ချမှတ်ခံလိုက်ရပါတယ်။ ဒီအမျိုးသမီးဟာ အရင်ကလည်း အလားတူ လိမ်လည်မှုတွေနဲ့ ထောင်ကျဖူးသူဖြစ်ပြီး အခုတစ်ကြိမ်မှာတော့ "မပြုပြင်နိုင်တဲ့ လိမ်လည်သူ" အဖြစ် တရားရုံးက သတ်မှတ်လိုက်တာပါ။စုစုပေါင်း လိမ်လည်ခံရသူ ၁၂ ဦးရှိပြီး အချို့ကို အမြတ်ငွေအဖြစ် ပြန်ပေးခဲ့တာတွေ နုတ်လိုက်ရင်တောင် လူပေါင်းများစွာဟာ စုစုပေါင်း ဒေါ်လာ ၁ သိန်းခွဲကျော် ဆုံးရှုံးသွားခဲ့ရပါတယ်။ Neo ဟာ ၂၀၁၇ ခုနှစ်ကလည်း အလားတူ အလှကုန်ရင်းနှီးမြှုပ်နှံမှု အယောင်ဆောင်ပြီး လူ ၉ ဦးဆီကနေ ဒေါ်လာ ၂ သိန်း ၈ သောင်းကျော် လိမ်ခဲ့လို့ ထောင်ဒဏ် ၃၂ လ ကျခံခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

news-view-count-icon

10