back

တီးတိန်တွင် နေအိမ်ကို ပြန်လာကြည့်သည့် စစ်ဘေးရှောင် မိုင်းနင်းမိပြီး ခြေထောက်ဖြတ်ရ

Jan 29 • 2:19 PM

breaking-news

Myanmar

Chin

cover

တီးတိန်တွင် နေအိမ်ကို ပြန်လာကြည့်သည့် စစ်ဘေးရှောင် မိုင်းနင်းမိပြီး ခြေထောက်ဖြတ်ရ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ New Suangpi ကျေးရွာတွင် စစ်ဘေးရှောင်နေရာမှ နေအိမ်အခြေအနေ ပြန်လည်ကြည့်ရှုရန်လာသည့် အမျိုးသားတစ်ဦး ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်နေ့က ...

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ New Suangpi ကျေးရွာတွင် စစ်ဘေးရှောင်နေရာမှ နေအိမ်အခြေအနေ ပြန်လည်ကြည့်ရှုရန်လာသည့် အမျိုးသားတစ်ဦး ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်နေ့က မြေမြှုပ်မိုင်း နင်းမိပြီး ခြေထောက်တစ်ဖက် ဖြတ်လိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။New Suangpi ကျေးရွာ ပြည်သူများသည် ကလေးမြို့မှတစ်ဆင့် သိုင်းငင်းလမ်းအတိုင်း ဖလမ်းမြို့သို့ စစ်ကြောင်းထိုး အင်အားဖြည့်တင်းလာသည့် စစ်ကော်မရှင်၏ စစ်ကြောင်းကြောင့် ဇန်နဝါရီ ၂၀ ရက်ကတည်းက ရွာလုံးကျွတ် တိမ်းရှောင်ခဲ့ကြရသည်။



news-view-count-icon

26