back

ဂျပန်ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာ နှင်း ထူထပ်စွာ ကျဆင်းခဲ့

Jan 28 • 2:54 PM

breaking-news

Japan

Local News

cover

ဂျပန်ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာ နှင်း ထူထပ်စွာ ကျဆင်းခဲ့

ဂျပန်ပင်လယ်တစ်လျှောက်မှာရှိတဲ့ ကမ်းရိုးတန်းဒေသတွေမှာ အအေးလှိုင်းတွေကြောင့် နှင်းထူထပ်စွာ ကျခဲ့ပါတယ်။ အဲဒီဒေသတွေမှာ နှင်းစုပုံမှုဟာ တစ်နှစ်တာ ပျမ်းမျှပမာဏထက် ကျေ...

ဂျပန်ပင်လယ်တစ်လျှောက်မှာရှိတဲ့ ကမ်းရိုးတန်းဒေသတွေမှာ အအေးလှိုင်းတွေကြောင့် နှင်းထူထပ်စွာ ကျခဲ့ပါတယ်။ အဲဒီဒေသတွေမှာ နှင်းစုပုံမှုဟာ တစ်နှစ်တာ ပျမ်းမျှပမာဏထက် ကျော်လွန်နေပြီ ဖြစ်ပါတယ်။ အင်္ဂါနေ့ မနက် ၆ နာရီအထိ Aomori ခရိုင် Hakkoda တောင်တန်းမှာရှိတဲ့ Sukayu အရပ်မှာ ၄၃၇ စင်တီမီတာ၊ Niigata ခရိုင် Uonuma မြို့က Sumon အရပ်မှာ ၂၃၇ စင်တီမီတာနဲ့ Aomori မြို့မှာ ၁၂၂ စင်တီမီတာရှိတဲ့ နှင်းတွေ စုပုံခဲ့တယ်လို့ မိုးလေဝသအရာရှိတွေက ပြောပါတယ်။ ကြာသပတေးနေ့ကနေ သောကြာနေ့အထိ အဓိကအားဖြင့် ဂျပန်မြောက်ပိုင်းကနေ အနောက်ပိုင်းအထိ ဂျပန်ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာ နှင်းတွေ ထပ်မံ ထူထပ်စွာ ကျဆင်းလာဖွယ်ရှိကြောင်း အဲဒီအေဂျင်စီက ခန့်မှန်းထားပါသည်။



news-view-count-icon

5