back

ကမ္ဘောဒီးယားသည်ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင်ပါဝင်မည်

Jan 27 • 5:06 AM

breaking-news

Cambodia

Local News

cover

ကမ္ဘောဒီးယားသည်ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင်ပါဝင်မည်

ကမ္ဘောဒီးယားနိုင်ငံသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဟွန်မာနက်က တနင်္လာနေ့တွင် ဖေ့စ်ဘုတ်ခ်၌ ရေးသားခ...

ကမ္ဘောဒီးယားနိုင်ငံသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဟွန်မာနက်က တနင်္လာနေ့တွင် ဖေ့စ်ဘုတ်ခ်၌ ရေးသားခဲ့သည်။ဘုတ်အဖွဲ့တွင် ပါဝင်ခြင်းသည် ကမ္ဘောဒီးယား၏ စေတနာနှင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးအတွက် ခိုင်မာသော ကတိကဝတ်များကို ပြသခြင်းဖြစ်ကြောင်း ဟွန်မာနက်က ရေးသားခဲ့သည်။နှစ်နှစ်ကျော်ကြာ ဆိုးရွားစွာ ဖြစ်ပွားခဲ့သော တို-က်ခို-က်မှုများအပြီး ဂါဇာဒေသ၏ ပြန်လည်တည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ကြီးကြပ်ရန် ရည်ရွယ်ထားသည့် ‘Board of Peace’ ဟုခေါ်သော အဖွဲ့အစည်းတွင် ပါဝင်ရန် အမေရိကန် သမ္မတ ထရမ့်ပ့်က ထိုင်းနိုင်ငံကိုလည်း ဖိတ်ကြားခဲ့သည်။ယမန်နှစ် ဒီဇင်ဘာလ ၂၇ ရက် နေ့တွင် ထိုင်းနှင့် ကမ္ဘောဒီးယားတို့ အပ-စ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ချန်ထာဘူရီ ပြည်နယ်တွင် ထပ်မံ လက်မှတ်ရေးထိုးခဲ့သည်။ သဘောတူညီချက်သည် ရက်ပေါင်း ၂၀ ကြာ တို-က်ပွဲများ ကို အဆုံးသတ်စေခဲ့သည်။ လူပေါင်း ၁၀၁ ဦးထက်မနည်း ေ-သဆုံးကာ နှစ်ဘက်စလုံးမှ လူ ငါးသိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။


news-view-count-icon

11