back

၂၀၂၅-၂၀၂၆ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဆေးသု တေသနလုပ်ငန်းများဆောင်ရွက်ရန် ဘဏ္ဍာငွေကျပ်(၁ ဒသမ ၅)ဘီလီယံခွင့်ပြုပေးခဲ့

Jan 27 • 1:48 AM

breaking-news

Myanmar

Local

breaking-news
cover

၂၀၂၅-၂၀၂၆ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဆေးသု တေသနလုပ်ငန်းများဆောင်ရွက်ရန် ဘဏ္ဍာငွေကျပ်(၁ ဒသမ ၅)ဘီလီယံခွင့်ပြုပေးခဲ့

၂၀၂၅-၂၀၂၆ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဆေးသု တေသနလုပ်ငန်းများဆောင်ရွက်ရန် ဘဏ္ဍာငွေကျပ်(၁ ဒသမ ၅)ဘီလီယံကို နိုင်ငံတော်ကခွင့်ပြုပေးခဲ့သည်ဟု ဇန်နဝါရီ ၂၆ ရက်ကကျင်းပသည်...

၂၀၂၅-၂၀၂၆ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဆေးသု တေသနလုပ်ငန်းများဆောင်ရွက်ရန် ဘဏ္ဍာငွေကျပ်(၁ ဒသမ ၅)ဘီလီယံကို နိုင်ငံတော်ကခွင့်ပြုပေးခဲ့သည်ဟု ဇန်နဝါရီ ၂၆ ရက်ကကျင်းပသည့် (၅၄)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သု တေသနညီလာခံဖွင့်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်ပံ့ပိုးမှုနှင့် ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာ နနှင့် ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ "မြန်မာနိုင်ငံအ တွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ဆယ် ကျော်သက် ကျောင်းသား၊ ကျောင်းသူများတွင် ကျန်း မာရေးနှင့်ပတ်သက်သော အကြောင်းအရာများကို လေ့ လာခြင်းသုတေသန"အား တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်ဟု ပြောသည်။ ဒေသတွင်းဖြစ်ပွားတတ်သော ကူးစက်တတ်သည့်ကပ်ရောဂါများ၊ ရာသီအလိုက်ဖြစ်ပွားတတ်သည့်ရောဂါများ ကာကွယ်ထိန်းချုပ်ရေးနှင့် ကင်ဆာရောဂါကိုစောစီးစွာသိရှိစေနိုင်ပြီး ကုသမှုများအောင်မြင်အောင်အထောက်အကူပြုနိုင်သော သုတေသနများကိုလည်းဆောင်ရွက်ရမည်ဖြစ်ကာ ယင်း ဒီသုတေသနများကို နိုင်ငံတကာနှင့်ပူးပေါင်းပြီး ခေတ်မီဓာတ်ခွဲ နည်းပညာများ၊ သုတေသနနည်းစနစ်များကျင့်သုံးဆောင်ရွက်လျက်ရှိရာ ယခုထက်ပိုပြီး ထိထိရောက်ရောက်ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်စေလိုသည်ဟု ပြောသည်။မိမိတို့ပြည်သူများ အခြေခံကျန်းမာရေးကောင်းမွန်ပြီး သက်ရှည်ကျန်းမာစွာနေထိုင်နိုင်ရန် အာ ဟာရဆိုင်ရာသုတေသနများ၊ အစားအသောက်ဘေးကင်းလုံခြုံမှုဆိုင်ရာသုတေသနများ၊ ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်ပြုမူရေးပတ်သက်သော လက်တွေ့အသုံးချကျန်းမာရေးသုတေသနများကိုတိုးမြှင့်ဆောင် ရွက်ပြီး သုတေသနတွေ့ရှိချက်များကို ပြည်သူလူထုအ တွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ကျန်းမာရေးဆိုင် ရာကြိုတင်ကာကွယ်မှုပညာပေးလုပ်ငန်းများကိုပါဆောင်ရွက်ပေးရမည်ဟု ပြောသည်။


news-view-count-icon

35