back

ထားဝယ်ဒေသထွက် ဆန်ဈေးမြင့်တက်

Jan 25 • 3:44 PM

breaking-news

Myanmar

Tanintharyi

cover

ထားဝယ်ဒေသထွက် ဆန်ဈေးမြင့်တက်

ပြီးခဲ့သည့် သီတင်းပတ် ဇန်နဝါရီလ ၁၈ ရက်က ထားဝယ်ဒေသထွက် ပေါ်ဆန်းဆန် တစ်အိတ်လျှင် ၁၀၈၀၀၀ကျပ်စျေးရှိရာမှ ဇန်နဝါရီလ ၂၅ ရက်တွင် ၁၀၉၅၀၀ ကျပ်သို့ ဈေးတက်သွားသည်။ ထို့အတူ...

ပြီးခဲ့သည့် သီတင်းပတ် ဇန်နဝါရီလ ၁၈ ရက်က ထားဝယ်ဒေသထွက် ပေါ်ဆန်းဆန် တစ်အိတ်လျှင် ၁၀၈၀၀၀ကျပ်စျေးရှိရာမှ ဇန်နဝါရီလ ၂၅ ရက်တွင် ၁၀၉၅၀၀ ကျပ်သို့ ဈေးတက်သွားသည်။ ထို့အတူ ထားဝယ်ကမာကြည်ဆန်တစ်အိတ် ၇၀၅၀၀ ကျပ်မှ ၇၂၀၀၀ကျပ်၊ ထားဝယ်ဆန်ရှည် (ဧည့်မထ) တစ်အိတ် ၄၉၀၀၀ ကျပ်မှ ၅၁၅၀၀ကျပ်သို့ ဈေးတက်သွားကြသည်။ထို့ကြောင့် တစ်ပတ်အတွင်း ထားဝယ်ပေါ်ဆန်းဆန်၊ ထားဝယ်ကမာကြည်ဆန်တို့ တစ်အိတ်လျှင် ၁၅၀၀ကျပ်နှင့် ထားဝယ်ဆန်ရှည် (ဧည့်မထ) ဆန်တစ်အိတ်လျှင် ၂၅၀၀ကျပ် အသီးသီးဈေးတက်သွားသည်။ 


news-view-count-icon

33