back

စစ်ကိုင်းတိုင်း၊ ကသာမှာ ပြည်သူထောင်နဲ့ချီ ပြန်လည်ဝင်ရောက်နေထိုင်

Jan 25 • 2:31 AM

breaking-news

Myanmar

Sagaing

cover

စစ်ကိုင်းတိုင်း၊ ကသာမှာ ပြည်သူထောင်နဲ့ချီ ပြန်လည်ဝင်ရောက်နေထိုင်

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့နယ်မှာ ဇန်နဝါရီလ ၁၃ရက်ကတည်းက နှစ်ဖက်တိုက်ပွဲ ငြိမ်သက်နေပြီး ပြည်သူတချို့လည်း မြို့ကိုပြန်လည်ဝင်ရောက် နေထိုင်နေတယ်လို့ သတင်းရင...

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့နယ်မှာ ဇန်နဝါရီလ ၁၃ရက်ကတည်းက နှစ်ဖက်တိုက်ပွဲ ငြိမ်သက်နေပြီး ပြည်သူတချို့လည်း မြို့ကိုပြန်လည်ဝင်ရောက် နေထိုင်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်က ကသာမြို့ပေါ်မှာရှိတဲ့ အမှတ်-၃ အခြေခံပညာအထက်တန်းကျောင်းကို ဖွင့်လှစ်လိုက်တာကြောင့် ကျောင်းသားမိဘတွေအနေနဲ့ မြို့ကိုပြန်လည် ဝင်ရောက်နေထိုင်လာကြတာလို့ ကသာဒေသခံတစ်ဦးက ပြောပါတယ်။လတ်တလောမှာတော့ ကသာမြို့ကို ပြန်လည်ဝင်ရောက်နေထိုင်တဲ့ ဒေသခံအရေအတွက်ကို အတိအကျမသိရသေးပေမဲ့ သုံးထောင်ကျော်လောက် ရှိနိုင်တယ်လို့ သူကခန့်မှန်းပါတယ်။

news-view-count-icon

25