နေပြည်တော်မှာ အဆင့်မြင့်အိမ်ရာစီမံကိန်း ၃ ခု တည်ဆောက်ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များကို ဖိတ်ခေါ်

Jan 11 • 2:36 AM

breaking-news

Myanmar

Local

breaking-news
cover

နေပြည်တော်မှာ အဆင့်မြင့်အိမ်ရာစီမံကိန်း ၃ ခု တည်ဆောက်ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များကို ဖိတ်ခေါ်

နေပြည်တော်မှာ အဆင့်မြင့်အိမ်ရာစီမံကိန်း ၃ ခုကို အလုံးစုံ ရင်းနှီးမြှုပ်နှံတည်ဆောက်ရန်အတွက် စိတ်ပါဝင်စားသည့် ပုဂ္ဂလိက လုပ်ငန်းရှင်/ကုမ္ပဏီများကို Expression of I...

နေပြည်တော်မှာ အဆင့်မြင့်အိမ်ရာစီမံကိန်း ၃ ခုကို အလုံးစုံ ရင်းနှီးမြှုပ်နှံတည်ဆောက်ရန်အတွက် စိတ်ပါဝင်စားသည့် ပုဂ္ဂလိက လုပ်ငန်းရှင်/ကုမ္ပဏီများကို Expression of Interest(EOI) တင်သွင်းဖို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ) မှ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။ အဆိုပါ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ နေပြည်တော်၊ ဇမ္ဗူသီရိမြို့ နယ်အတွင်းရှိ သပြေကုန်းရပ်ကွက်၊ ပျဉ်းမနား - တောင်ညိုလမ်း၏ အနောက်ဘက်၊ အမှတ်(၁)ရဲစခန်းအနီးရှိ မြေဧရိယာ (၈) ဧက ခန့်ကို စီမံကိန်းနေရာ(၇)တွင် (၄)ခန်းတွဲ (၄)ထပ် အဆောက်အအုံ၊ မင်္ဂလာသိဒ္ဓိရပ်ကွက်၊ ဝဇီရရွှေပြည်လမ်း၏ တောင်ဘက်၊ ကြက်စမြုပ် ဘုန်းကြီးကျောင်းအနီး မြေဧရိယာ(၁၆)ဧကခန့်ရှိ စီမံကိန်းနေရာ (၈)နှင့် မင်္ဂလာသိဒ္ဓိရပ်ကွက်၊ ရွှေကြာပင်လမ်း၏ အရှေ့ဘက်၊ သီရိရတနာ အဆင့်မြင့်ဈေးအနီး မြေဧရိယာ(၁၄) ဧက ခန့်ရှိ စီမံကိန်းနေရာ (၉) တို့တွင် (၄)ခန်းတွဲ (၆)ထပ် အဆောက်အအုံများ တည်ဆောက်မည့် အဆင့်မြင့် အိမ်ရာစီမံကိန်း (၃)ခုကို အလုံးစုံ ရင်းနှီးမြုပ်နှံတည်ဆောက်ရန် Developer လုပ်ငန်းရှင်/ ကုမ္ပဏီ များအား စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ (Expression of Interest-EOI) ဖိတ်ခေါ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။လုပ်ငန်းရှင်များအနေဖြင့် စိတ်ဝင်စားမှု EOI အဆိုပြုလွှာပုံစံ နှင့် စည်းကမ်းချက်များကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ) တွင် ယခု ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီမှစ၍ မိမိတို့ကုမ္ပဏီဆိုင်ရာ အထောက်အထား မိတ္တူများပြသကာ လာရောက် ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

အဆိုပါဝယ်ယူပြီးဖောင်များကိုလည်း ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေ ၄ နာရီတွင် နောက်ဆုံးထား၍ ပြန်လည် တင်သွင်းရမှာဖြစ်ပြီး အသေးစိတ်အချက်အလက်များ သိရှိလိုပါက ရုံးချိန်အတွင်း အင်ဂျင်နီယာဌာန (အဆောက်အအုံ)သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီ မှ သိရပါတယ်။

news-view-count-icon

41