မြဝတီမြို့တွင် ပျောက်ဆုံးနေသော ကလေးငယ်နှစ်ဦး ပြန်လည်တွေ့ရှိ

Jan 09 • 1:19 AM

breaking-news

Myanmar

Kayin

cover

မြဝတီမြို့တွင် ပျောက်ဆုံးနေသော ကလေးငယ်နှစ်ဦး ပြန်လည်တွေ့ရှိ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၃) ရပ်ကွက်၊ ကျွန်းတောနေ အသက် ၁၁ နှစ်နှင့် အသက် ၉ နှစ်အရွယ် ညီအမနှစ်ဦးသည် ကျောင်းစုံညီပွဲတော်သို့ သွားရာမှ ပျောက်ဆုံးသွားခဲ့ပါသည်...

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၃) ရပ်ကွက်၊ ကျွန်းတောနေ အသက် ၁၁ နှစ်နှင့် အသက် ၉ နှစ်အရွယ် ညီအမနှစ်ဦးသည် ကျောင်းစုံညီပွဲတော်သို့ သွားရာမှ ပျောက်ဆုံးသွားခဲ့ပါသည်။နောက် ၅ ရက်အကြာ ဇန်နဝါရီ ၇ ရက် ညနေပိုင်းတွင် မြဝတီမြို့တောင်ဘက် မယ်ထော်သလေးကျေးရွာအနီးရှိ ဧကတစ်ရာအနီးမှ ပြည်သူတစ်ဦးက ကိုဘီဝမ်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် လူပျောက်ကြော်ငြာပို့စ်အား တွေ့ရှိပြီး မိဘများထံဖုန်းဆက်ကာ နေအိမ်သို့ လာရောက်ပို့ဆောင်ပေးခဲ့သဖြင့် ပျောက်ဆုံးနေသော ကလေးငယ်နှစ်ဦးမှာ ပြန်လည်တွေ့ရှိပြီးဖြစ်ကြောင်း သိရသည်။

news-view-count-icon

21