ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ရန်ကုန်- မော်လမြိုင် လမ်းမကြီး၊ မိုင်တိုင်အမှတ် (၆/၄) ဖာလုံတွင် ယမန်နေ့ ၇.၁.၂၀၂၆ရက်နေ့၊ ၂၃နာရီ ၀၈ မိနစ်အချိန်ခန့်၌ Probox ယာဉ်(၁)စီးသည် လမ်းဘေးတွင်ရပ်ထားသော (၂၂)ဘီးကုန်သည်ယာဉ်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ပါသည်။ဝေါမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် Probox ယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၂)ဦး စုစုပေါင်း(၄)ဦးအနက် ကျား(၂)ဦး( သေဆုံး)၊ မ(၁)ဦး ( သေဆုံး)၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) တို့အား ဝေါပရဟိတ လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ဝေါမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။
ပဲခူးတိုင်း၊ရန်ကုန်- မော်လမြိုင် လမ်းမကြီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကာ လူသုံးဦး သေဆုံး
Jan 08 • 1:19 AM
Myanmar
Bago
Share
| 23 | 0 | 0 | 0 |


