မွန်ပြည်နယ် မုဒုံမြို့နယ်နဲ့ ကရင်ပြည်နယ် မြဝတီမြို့တို့မှာ အမျိုးသမီးနှစ်ဦး အသတ်ခံလိုက်ရပြီး လက်ရှိအချိန်ထိ လက်သည်မပေါ်ဘဲ ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့က မွန်ပြည်နယ် မုဒုံမြို့နယ် ဆက်သွယ်ရေးကျေးရွာ သံဖြူဇရပ်-မုဒုံကားလမ်းဘေး ရော်ဘာခြံထဲမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသမီးတစ်ဦးကို ဒေသခံတွေက တွေ့ရှိခဲ့တာပါ။အလားတူ ဇန်နဝါရီ ၅ ရက်နေ့ကလည်း ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၃ ရပ်ကွက်က နေအိမ်တစ်ခုမှာ မျက်နှာကို အဝတ်စည်းထားကာ ခြေထောက်၊ လက်တွေကို ကြိုးနဲ့တုပ်ထားပြီး ဦးခေါင်းအား ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ အမျိုးသမီးတစ်ဦးကို မြို့ခံတွေက ပြန်လည်တွေ့ရှိခဲ့တာပါ။နိုင်ငံတဝန်းမှာ ယခုနှစ်ပိုင်း ကာလအတွင်း အမျိုးသမီးတွေ လုံခြုံမှု ကင်းမဲ့နေပြီး လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာအပါအဝင် အကြမ်းဖက်သတ်ဖြတ်ခံရမှုတွေ မကြာခဏဆိုသလို ကြုံတွေ့ရနေတာ ဖြစ်ပါတယ်။
မုဒုံနဲ့မြဝတီမှာ အမျိုးသမီးနှစ်ဦး အသတ်ခံရ
Jan 07 • 2:34 AM
Myanmar
Local
Share
| 18 | 0 | 0 | 0 |


