၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအတန်းများ၏ နှစ်ဆုံးစာမေးပွဲနှင့် အောင်စာရင်းထုတ်ပြန်မည့်ရက်များ ကြေညာ

Jan 06 • 2:12 AM

breaking-news

Myanmar

Local

cover

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအတန်းများ၏ နှစ်ဆုံးစာမေးပွဲနှင့် အောင်စာရင်းထုတ်ပြန်မည့်ရက်များ ကြေညာ

ပညာရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်အရ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာအတန်းအသီးသီး၏ နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီလနှင့် မတ်လများတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ...

ပညာရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်အရ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာအတန်းအသီးသီး၏ နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီလနှင့် မတ်လများတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ Grade 4, 6, 7, 8, 10, 11 နှင့် Grade 12 (ကျောင်းတွင်းစစ်) အတန်းများအတွက် စာမေးပွဲများကို ဖေဖော်ဝါရီ ၄ ရက်မှ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး၊ Grade 5 နှင့် Grade 9 (မူလတန်း/အလယ်တန်းဆင့်) အတန်းများအတွက် ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၈ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ အရေးကြီးသည့် Grade 12 (ဗဟိုအစိုးရစစ်) စာမေးပွဲကိုမူ မတ်လ ၁၁ ရက်မှ ၁၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ၊ Grade 12 မှအပ ကျန်ရှိသော အခြေခံပညာအတန်းအားလုံး၏ အောင်စာရင်းများကို ၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် သက်ဆိုင်ရာကျောင်းများ၌ တစ်ပြိုင်တည်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

36