ဒေသမျိုးရင်းဖြစ်သော ခရမ်းချဥ်သီး အချဉ်သီး(ဗမာသီး) ဈေးနှုန်းများအနည်းငယ်ကျဆင်းလာပြီး အင်းသီးများမှာမူ ဈေးနှုန်းများမြင့်တက်လာကြောင်း မန္တလေးဒေသခံများက ပြောသည်။ဈေးကွက်အတွင်း ခရမ်းချဥ်သီးဝင်ရောက်မှုအများအပြားရှိလာသည့်အတွက် ဈေးနှုန်းများကျဆင်းခဲ့ခြင်းဖြစ်ပြီး အင်းသီးမှာမူ သယ်ယူစရိတ်မြင့်မားမှုကြောင့်ဈေးနှုန်းမြင့်တက်ခဲ့ခြင်းဖြစ်သည်။"ဗမာသီးလို့လည်းခေါ်တဲ့ အချဥ်သီးတွေ အများကြီးထွက်လာတော့ ဈေးကျသွားတာ။ အင်းသီးကတော့ ကားခတွေတက်လို့ သူကဈေး တက်တယ်။ အင်းသီးကတော့ကျမယ့်အရိပ်အယောင်မမြင်သေးဘူး"ဟု အောင်မြေသာစံမြို့နယ်မှ ခရမ်းချဥ်သီး ကုန်သည်တစ်ဦးကပြောသည်။လက်ရှိလက်လီဈေးကွက်အတွင်း ခရမ်းချဥ်သီး အချဥ်သီးတစ်ပိဿာလျှင်ငွေကျပ် ၆,၀၀၀ မှ ၈,၀၀၀ ကြားရှိပြီး အင်းသီးမှာ ၁၀,၀၀၀ ကျော်အထိရှိနေကြောင်းသိရသည်။
မန္တလေးတွင် ခရမ်းချဉ်သီး အချဉ်သီးများဈေးကျပြီး အင်းသီးများဈေးတက်လာ
Jan 06 • 1:55 AM
Myanmar
Mandalay
Share
| 25 | 0 | 0 | 0 |


