တောင်ငူမြို့ လွတ်လပ်ရေးပွဲစျေးမှာ လုယက်ခိုးယူမှုတွေရှိနေပြီး ဂရုစိုက်သွားလာကြဖို့ မြို့ခံတွေက သတိပေး

Jan 06 • 1:31 AM

breaking-news

Myanmar

Bago

cover

တောင်ငူမြို့ လွတ်လပ်ရေးပွဲစျေးမှာ လုယက်ခိုးယူမှုတွေရှိနေပြီး ဂရုစိုက်သွားလာကြဖို့ မြို့ခံတွေက သတိပေး

ပဲခူးတိုင်း၊တောင်ငူမြို့ လွတ်လပ်ရေးပွဲတော်ကြီးမှာ လုယက်မှုတွေ ခိုးယူမှုတွေအပြင် တို့ဆေးနဲ့ တို့ကာ ပစ္စည်းလုတဲ့ ဖြစ်စဥ်တွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ဇန်နဝါရီ ၁...

ပဲခူးတိုင်း၊တောင်ငူမြို့ လွတ်လပ်ရေးပွဲတော်ကြီးမှာ လုယက်မှုတွေ ခိုးယူမှုတွေအပြင် တို့ဆေးနဲ့ တို့ကာ ပစ္စည်းလုတဲ့ ဖြစ်စဥ်တွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ဇန်နဝါရီ ၁ ရက်နေ့ကနေ ၇ ရက်နေ့ထိ တောင်ငူမြို့မှာ ရက်ရှည်ကျင်းပတဲ့ လွတ်လပ်ရေးပွဲတော်ကြီးမှာ အနယ်နယ်အရပ်ရပ်က ဆယ့်နှစ်ပွဲစျေးသည်တွေနဲ့ လာရောက်လည်ပတ်သူတွေ စည်ကားခဲ့ပြီး ပွဲစျေးနဲ့ လူစည်ကားရာ နေရာတွေမှာ လုယက်မှုတွေနဲ့ ခိုးယူမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။အဲ့ဒါအပြင် ဇန်နဝါရီ ၄ ရက်နေ့ကလည်း လွတ်လပ်ရေးကျင်းပတဲ့ မိုင်ဒါအားကစားကွင်းထဲမှာ လူငယ် ၁ ဦး တို့ဆေးလို့ ယူဆရတဲ့ အရာကြောင့် မူးလဲကာ ပါလာတဲ့ဖုန်းနဲ့ ပိုက်ဆံအိတ် ပါသွားပြီး သတိလစ်နေတယ်လို့ သိရပါတယ်။တောင်ငူမြို့က လွတ်လပ်ရေးပွဲတော်ကြီးဟာ နှစ်စဥ် ရက်ရှည်ကျင်းပတဲ့ ပွဲတော်ကြီးဖြစ်တယ်လို့ သိရပြီး လတ်တလော လုယက်ခံရတဲ့ ဖြစ်စဥ်တွေမှာ ဖမ်းဆီးရမိတာတွေ တခုမှမရှိဘဲ ဆုံးရှုံးမှုတွေသာရှိလို့ သတိထားသွားလာကြဖို့ မြို့ခံတွေက သတိပေး ပြောဆိုထားပါတယ်။

news-view-count-icon

17