၂၀၂၆ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာ ကျရောက်မယ့် ၇၈ ကြိမ်မြောက် လွတ်လပ်ရေးနေ့မှာ နေအိမ်တွေ၊ ဆိုင်ခန်းတွေ၊ ဆိုက်တွဲတွေ၊ ဆိုက်ကားတွေ၊ လိုင်းကားတွေမှာ မြန်မာနိုင်ငံတော် အလံထောင်ကြဖို့ အုပ်ချုပ်ရေးအဖွဲ့တွေက ဖိအားပေးနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ သင်္ကန်းကျွန်း၊ တောင်ဒဂုံ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ စတဲ့ မြို့နယ်တွေမှာ အုပ်ချုပ်ရေးအဖွဲ့တွေက အစည်းအဝေးနဲ့ ခေါ်ပြောတာ၊ အသံချဲ့စက်နဲ့ လိုက်ကြေညာတာမျိုးနဲ့ ရပ်ကွက်တွေကို အသိပေးတာမျိုး ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။



