အာကာသဝါသနာရှင်များနှင့် သဘာဝအလှအပမြတ်နိုးသူများ လက်မလွှတ်သင့်သည့် ရှားပါးဖြစ်စဉ်ကြီး (၃) ခုသည် ယနေ့ ဇန်နဝါရီ ၃ ရက် ညပိုင်းတွင် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာတော့မည်ဖြစ်သည်။ ယနေ့ညတွင် ပုံမှန်ထက် ၁၄% ပိုမိုကြီးမားပြီး ၃၀% ပိုမိုတောက်ပမည့် "စူပါမွန်း (Super Moon)" လပြည့်ဝန်းကြီးကို ရှုမငြီးစဖွယ် မြင်တွေ့ရမည့်အပြင်၊ တစ်နာရီလျှင် ကြယ်စင်ရေ ၅၀ မှ ၈၀ အထိ တောက်ပသော မီးလုံးကြီးများအသွင်ဖြင့် ကြွေကျမည့် "Quadrantid ကြယ်ကြွေမိုး" ကိုလည်း မြန်မာနိုင်ငံတစ်ဝန်းတွင် ညသန်းခေါင်မှစ၍ မိုးလင်းချိန်အထိ အားပါးတရ ကြည့်ရှုနိုင်မည်ဖြစ်သည်။ ထူးခြားချက်အနေဖြင့် ယနေ့သည် ကမ္ဘာနှင့် နေ အနီးကပ်ဆုံးအမှတ် (Perihelion) သို့ ရောက်ရှိသည့်နေ့လည်း ဖြစ်သဖြင့် မိုးတိမ်ကင်းစင်ပါက သဘာဝတရား၏ အံ့မခန်း နက္ခတ္တဗေဒမြင်ကွင်းကျယ်ကြီးကို တစ်ညတည်းတွင် စုံလင်စွာ ခံစားကြည့်ရှုနိုင်မည့် အခွင့်အရေးကောင်းကြီးပင် ဖြစ်ပါသည်။
ဇန်နဝါရီ ၃ ရက်ည၌ ကြယ်ကြွေမိုး၊ စူပါမွန်း နှင့် ကမ္ဘာနှင့်နေ အနီးဆုံးအခြေနေ တစ်ပြိုင်နက်ကြုံတွေ့ရမည်
Jan 03 • 3:57 AM
Myanmar
International
Share
| 25 | 0 | 0 | 0 |


