၃၁.၁၂.၂၀၂၅ ရက်နေ့၊ ၁၈နာရီ ၅၀မိနစ် အချိန်ခန့်၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၂)ရပ်ကွက်၊ ရန်နိုင်ရပ်၊ နယ်မြေ (၁၆)တွင် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။အဆိုပါမီးေလာင်ကြောင်း 191 Report Mobile Application အား အသုံးပြု၍ ပြည်သူတစ်ဦးမှ သတင်းပေးပို့လာသဖြင့် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ ၏အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်အတွင်းရှိ မီးသတ်စခန်းများမှ Level 2 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၂၀ နာရီ အချိန်၌ မီးငြိမ်းပါသည်။အဆိုပါ မီးလောင်မှုအား နေပြည်တော်ကောင်စီဥက္ကဌမှ လာရောက်၍ လိုအပ်သည်များကို မှာကြားခဲ့ပါသည်။



