ထိုင်းနိုင်ငံ ပထုံဌာနီတွင် မြန်မာအလုပ်သမားများ တင်ဆောင်လာသည့်ကား တူးမြောင်းထဲထိုးကျ၊ (၃) ဦးသေဆုံးကာ (၃) ဦး ပျောက်ဆုံးနေဆဲဖြစ်

Dec 31 • 4:32 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ ပထုံဌာနီတွင် မြန်မာအလုပ်သမားများ တင်ဆောင်လာသည့်ကား တူးမြောင်းထဲထိုးကျ၊ (၃) ဦးသေဆုံးကာ (၃) ဦး ပျောက်ဆုံးနေဆဲဖြစ်

ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင်၊ ထန်ယဘူရီမြို့နယ်တွင် ဒီဇင်ဘာလ ၃၀ ရက် ညပိုင်းက မြန်မာအလုပ်သမား ၁၃ ဦး လိုက်ပါလာသည့် မော်တော်ယာဉ်တစ်စီး လမ်းမကျွမ်းကျင်မှုကြောင့် အရ...

ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင်၊ ထန်ယဘူရီမြို့နယ်တွင် ဒီဇင်ဘာလ ၃၀ ရက် ညပိုင်းက မြန်မာအလုပ်သမား ၁၃ ဦး လိုက်ပါလာသည့် မော်တော်ယာဉ်တစ်စီး လမ်းမကျွမ်းကျင်မှုကြောင့် အရှိန်လွန်ကာ တူးမြောင်းအတွင်း ထိုးကျသွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါအလုပ်သမားများသည် ဖေ့ချဘွန်ခရိုင်ရှိ ငါးမျက်နှာဘုရားဖူးပြီးအပြန် ချွန်ဘူရီသို့ မောင်းနှင်စဉ် ယခုကဲ့သို့ မတော်တဆဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လိုက်ပါလာသူများအနက် ၇ ဦးမှာ ကမ်းပေါ်သို့ ရေကူးတက်နိုင်သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သော်လည်း အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ရသည်။ ကျန်ရှိနေသည့် ပျောက်ဆုံးသူ ၃ ဦးကို ရှာဖွေနိုင်ရန်အတွက် လက်ရှိတွင် ဒေသတွင်း ကယ်ဆယ်ရေးအဖွဲ့များက တူးမြောင်းအတွင်း ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

news-view-count-icon

41