လွတ်လပ်ရေးနေ့နီးကပ်လာ၍ ရန်ကုန်ရှိ တံဆိပ်ရိုက်ဆိုင်များတွင် နိုင်ငံတော်အလံများ အရောင်းသွက်နေ

Dec 31 • 2:02 AM

breaking-news

Myanmar

Yangon

cover

လွတ်လပ်ရေးနေ့နီးကပ်လာ၍ ရန်ကုန်ရှိ တံဆိပ်ရိုက်ဆိုင်များတွင် နိုင်ငံတော်အလံများ အရောင်းသွက်နေ

မကြာမီကျရောက်တော့မည့် ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုရန်အတွက် ရန်ကုန်မြို့ရှိ တံဆိပ်ရိုက်ဝန်ဆောင်မှုဆိုင်များတွင် နိုင်ငံတော်အလံများ အများအပြား ရောင်းချန...

မကြာမီကျရောက်တော့မည့် ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုရန်အတွက် ရန်ကုန်မြို့ရှိ တံဆိပ်ရိုက်ဝန်ဆောင်မှုဆိုင်များတွင် နိုင်ငံတော်အလံများ အများအပြား ရောင်းချနေရကြောင်း သိရသည်။ အထူးသဖြင့် လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်များမှ လာရောက်ဝယ်ယူမှု များပြားနေပြီး ကားဒက်ရှ်ဘုတ်တင် အလံငယ်များမှအစ ငါးပေပတ်လည် အလံကြီးများအထိ အရွယ်အစားအလိုက် ၁,၅၀၀ ကျပ်မှ ၂၅,၀၀၀ ကျပ်ဝန်းကျင်အထိ အရောင်းအဝယ်ဖြစ်နေကာ၊ လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက်အချို့တွင်လည်း လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် လမ်းများအတွင်း နိုင်ငံတော်အလံများ စတင်စိုက်ထူနေကြပြီဖြစ်ကြောင်း သိရသည်။

news-view-count-icon

12