၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ်သို့ ကူးပြောင်းမည့် နှစ်သစ်ကူးည (ဒီဇင်ဘာလ ၃၁ ရက်) တွင် မန္တလေးကျုံးတောင်ဘက်ခြမ်း (၂၆ လမ်း) တစ်လျှောက်၌ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ကြေညာထားသည်။ ပွဲတော်ကို ၆၆ လမ်းမှ စည်ပင်ရုံးရှေ့အထိ ကျင်းပမည်ဖြစ်ပြီး ညနေ ၆ နာရီမှစတင်ကာ နိုင်ငံကျော်အနုပညာရှင်များ၏ ဂီတဖျော်ဖြေပွဲများ၊ စားသောက်ဆိုင်တန်းများ ပါဝင်မည်ဖြစ်သည်။ ထို့ပြင် နှစ်သစ်ကူးချိန်တွင် မီးရှူးမီးပန်း အခုရေ တစ်ထောင်ကျော် ပစ်ဖောက်ကာ ကြိုဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးကျုံးတောင်ဘက်ခြမ်းတွင် နှစ်သစ်ကူးည ပျော်ပွဲရွှင်ပွဲနှင့် မီးရှူးမီးပန်းများဖြင့် စည်ကားစွာကျင်းပမည်
Dec 29 • 5:55 AM
Myanmar
Mandalay
Share
| 27 | 0 | 0 | 0 |


