အမျိုးသမီးဗိုလ်ကြီးကို မုဒိမ်းကျင့်ပြီး ဗီဒီယိုရိုက်ခြိမ်းခြောက်သည့် ထိုင်းအဆင့်မြင့်အရာရှိကြီးကို ဖမ်းဆီး

Dec 29 • 2:07 AM

breaking-news

Thailand

Local News

cover

အမျိုးသမီးဗိုလ်ကြီးကို မုဒိမ်းကျင့်ပြီး ဗီဒီယိုရိုက်ခြိမ်းခြောက်သည့် ထိုင်းအဆင့်မြင့်အရာရှိကြီးကို ဖမ်းဆီး

ထိုင်းစစ်တပ်မှ အသက် ၂၉ နှစ်အရွယ် အမျိုးသမီးဗိုလ်ကြီးတစ်ဦးကို မုဒိမ်းကျင့်ခြင်း၊ ရိုက်နှက်ခြင်းနှင့် ဗီဒီယိုရိုက်ကူး၍ အကျပ်ကိုင်ခြိမ်းခြောက်ခြင်းတို့ ကျူးလွန်ခဲ့...

ထိုင်းစစ်တပ်မှ အသက် ၂၉ နှစ်အရွယ် အမျိုးသမီးဗိုလ်ကြီးတစ်ဦးကို မုဒိမ်းကျင့်ခြင်း၊ ရိုက်နှက်ခြင်းနှင့် ဗီဒီယိုရိုက်ကူး၍ အကျပ်ကိုင်ခြိမ်းခြောက်ခြင်းတို့ ကျူးလွန်ခဲ့သည့် အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးတစ်ဦးနှင့် လက်ရှိတာဝန်ထမ်းဆောင်နေသော ဗိုလ်ကြီးတစ်ဦးတို့ကို ထိုင်းရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၂၈ ရက်တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်သည်။ နစ်နာသူအမျိုးသမီးသည် ပါဗီးနားဖောင်ဒေးရှင်း၏ အကူအညီဖြင့် ဘန်ဖလက်ရဲစခန်းသို့ လာရောက်အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး၊ အငြိမ်းစားဒုဗိုလ်ချုပ်ကြီးနှင့် ပတ်သက်မှုကို အဆုံးသတ်ရန် ကြိုးပမ်းစဉ် မိုတယ်တစ်ခုသို့ အတင်းအဓမ္မခေါ်ဆောင်ကာ စော်ကားခံခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုသို့စော်ကားနေစဉ် တပည့်ဖြစ်သူဗိုလ်ကြီးက ဗီဒီယိုရိုက်ကူး၍ တိုင်ကြားပါက အရှက်ကွဲစေမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ကျူးလွန်သူဗိုလ်ကြီးကို နွန်ဌာဘူရီရှိ နေအိမ်၌ ဖမ်းဆီးရမိခဲ့ပြီး၊ အငြိမ်းစားဒုဗိုလ်ချုပ်ကြီးမှာမူ လာရောက်အညံ့ခံသော်လည်း ပြစ်မှုကြီးလေးသဖြင့် အာမခံမပေးဘဲ တရားရုံးသို့ လွှဲပြောင်းစစ်ဆေးလျက်ရှိကာ၊ ကျူးလွန်သူဗိုလ်ကြီးကိုလည်း စစ်ဥပဒေဖြင့်ပါ ထိရောက်စွာအရေးယူသွားမည်ဟု ထိုင်းစစ်တပ်က ထုတ်ပြန်ထားသည်။

news-view-count-icon

13