မြန်မာနိုင်ငံကနေတရုတ်မူလတန်းပညာကိုတရုတ်နိုင်ငံကစာသင်ကျောင်းအသီးသီးမှာသွားရောက်ပညာသင်နေသူမြန်မာကလေးအရေအတွက်ဟာနှစ်စဥ်(၁၀၀၀)ကျော်ရှိပါတယ်။နယ်စပ်ဒေသအသီးသီးကမြို့တွေအပြင်မန္တလေးမြို့ကလာပြီးပညာသင်နေတဲ့မြန်မာကလေးငယ်တွေအများကြီးရှိတာက်ိုတွေ့ရပါတယ်။တရုတ်နိုင်ငံတော်သီချင်းကိုသီဆို၊တရုတ်နိုင်ငံတော်အလံကိုအလေးပြုနေတဲ့မြန်မာကလေးငယ်တွေအများ
ကြီးပါလို့မူဆယ်ဒေသခံမိဘတစ်ဦးကပြောပါတယ်၊၊နယ်စပ်ဖြတ်ကျော်ပညာသင်ကြားနေတဲ့ ကျောင်းသူကျောင်းသားကလေးငယ်ပေါင်း(၁၂,၁၀၀) ဦးအား ဘေးကင်းလုံခြုံစွာနှင့် လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေး ပံ့ပိုးပေးခဲ့တယ်လိုတရုတ်နယ်စပ်ဂိတ်တာဝန်ရှိသူများကဆိုပါတယ်။ဒါအပြင် မြန်မာနိုင်ငံသား ၂,၀၈၆ ဦးအတွက်ကျန်းမာရေးအရေးပေါ်ကုသမှုခံယူနိုင်ရန် “အရေးပေါ်ကူညီရေးအစိမ်းရောင်လမ်းကြောင်း”ကိုလည်းတရုတ်တို့ကဆက်တိုက်ဖွင့်လှစ်ပေးခဲ့ကြောင်းပြောပါတယ်။


