ထိုင်းနိုင်ငံ လယောင်မြို့တွင် အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၄၁ ဦး အလုပ်ပြန်ရရှိရန် ညှိနှိုင်းပေးနိုင်ခဲ့

Dec 28 • 3:08 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ လယောင်မြို့တွင် အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၄၁ ဦး အလုပ်ပြန်ရရှိရန် ညှိနှိုင်းပေးနိုင်ခဲ့

ထိုင်းနိုင်ငံ၊ လယောင်မြို့ရှိ စက်ရုံတစ်ရုံတွင် ကြားခံအေးဂျင့်မှတစ်ဆင့် ၁၀ လခန့် အလုပ်လုပ်ကိုင်နေစဉ် မတရားအလုပ်ထုတ်ခံခဲ့ရသည့် မြန်မာအလုပ်သမား ၄၁ ဦးသည် WAG အဖွဲ့၏...

ထိုင်းနိုင်ငံ၊ လယောင်မြို့ရှိ စက်ရုံတစ်ရုံတွင် ကြားခံအေးဂျင့်မှတစ်ဆင့် ၁၀ လခန့် အလုပ်လုပ်ကိုင်နေစဉ် မတရားအလုပ်ထုတ်ခံခဲ့ရသည့် မြန်မာအလုပ်သမား ၄၁ ဦးသည် WAG အဖွဲ့၏ ကူညီမှုဖြင့် အလုပ်ပြန်လည်ရရှိခဲ့သည်။ အလုပ်သမားများ၏ အကူအညီတောင်းခံမှုကြောင့် ဒီဇင်ဘာ ၂၆ ရက်တွင် မြို့နယ် ဆဝါဒီကန် (အလုပ်သမားကာကွယ်ရေးနှင့် သက်သာချောင်ချိရေးရုံး) ၌ သွားရောက်တိုင်ကြားကာ ညှိနှိုင်းခဲ့ရာ နှစ်သစ်ကူးအပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်တွင် အလုပ်ပြန်လည်ဝင်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ ထို့ပြင် အလုပ်သမားများအနေဖြင့် ဥပဒေအရသတ်မှတ်ထားသည့် အလုပ်ပိတ်ရက်များနှင့် အခြားအခွင့်အရေးများ ပုံမှန်ရရှိစေရန် စက်ရုံတာဝန်ရှိသူများက အာဏာပိုင်များရှေ့မှောက်တွင် ကတိလက်မှတ်ရေးထိုးပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

14