စီမံကိန်းသတင်းများကြောင့် ပြင်ဦးလွင်မြေဈေး အတက်ကြမ်းနေပြီး အဝယ်လိုက်လျက်ရှိ

Dec 28 • 1:40 AM

breaking-news

Myanmar

Mandalay

cover

စီမံကိန်းသတင်းများကြောင့် ပြင်ဦးလွင်မြေဈေး အတက်ကြမ်းနေပြီး အဝယ်လိုက်လျက်ရှိ

ပြင်ဦးလွင်မြို့တွင် ဘူတာကြီးအဆင့်မြှင့်တင်မှု၊ မြို့မဈေးအဆင့်မြှင့်တင်မှုနှင့် ရတနာပုံဆိုက်ဘာစီးတီး ပြန်လည်စတင်မည့် စီမံကိန်းသတင်းများကြောင့် မြေဈေးများ သိသိသာသ...

ပြင်ဦးလွင်မြို့တွင် ဘူတာကြီးအဆင့်မြှင့်တင်မှု၊ မြို့မဈေးအဆင့်မြှင့်တင်မှုနှင့် ရတနာပုံဆိုက်ဘာစီးတီး ပြန်လည်စတင်မည့် စီမံကိန်းသတင်းများကြောင့် မြေဈေးများ သိသိသာသာ ထိုးတက်သွားကြောင်း သိရသည်။ အထူးသဖြင့် ဒီဇင်ဘာလ ၁ ရက်နေ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ခရီးစဉ်အပြီးနောက်ပိုင်းတွင် ယခင်က သိန်း ၆၀၀ ခန့်သာရှိသော မြေကွက်များမှာ သိန်း ၁,၀၀၀ ဝန်းကျင်အထိ ဈေးခေါ်ယူမှုများ ရှိလာခဲ့သည်။ ဈေးကွက်အတွင်း အဝယ်လိုက်နေသော်လည်း အရောင်းအဝယ်ပြုလုပ်ရာတွင် မြေစာရွက်စာတမ်းများ စိတ်ချရမှုရှိစေရန် စနစ်တကျ စစ်ဆေးဝယ်ယူကြဖို့ ဝါရင့်အကျိုးဆောင်များနှင့် ရှေ့နေများက သတိပေးထားသည်။

news-view-count-icon

36