လှည်းကူးမြို့နယ်၊ဘားလားချောင်းနဲ့စပ်ဆက်နေတဲ့ ဘားလား(၁/၂)စက်ရေတင်လုပ်ငန်း၊ဆင်ဖုန်ကျေးရွာ၊ ဘားလားကျေးရွာအုပ်စုတွေရှိ ရေသွင်းမြောင်းတွေမှာ ရေလိုအပ်ချက်တွေရှိခဲ့တယ်လို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။အဲဒီ့ရေလိုအပ်ချက်အရ ငမိုးရိပ်လက်ယာမြောင်း ကျောက်တိုင်ရိုး Level Crossing မှ ဘားလားချောင်းအတွင်းသို့ ရေထုတ်လွှတ်ပေးထားပြီဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။



