ရှမ်းပြည်နယ်၊ ကျိုင်းတုံရေတံခွန်တွင် ပထမဆုံးအကြိမ် ပန်းပွဲတော်ကို ကျင်းပမည်

Dec 24 • 1:40 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊ ကျိုင်းတုံရေတံခွန်တွင် ပထမဆုံးအကြိမ် ပန်းပွဲတော်ကို ကျင်းပမည်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံရေတံခွန်တွင် ပထမဦးဆုံးအကြိမ်အဖြစ် "ကျိုင်းတုံရေတံခွန် ပန်းပွဲတော်" ကို ဒီဇင်ဘာလ ၂၄ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝ...

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံရေတံခွန်တွင် ပထမဦးဆုံးအကြိမ်အဖြစ် "ကျိုင်းတုံရေတံခွန် ပန်းပွဲတော်" ကို ဒီဇင်ဘာလ ၂၄ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့အထိ (၁၆) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ ပွဲတော်ကာလအတွင်း Synthesis နှင့် UNION Music Band တို့၏ ဖျော်ဖြေမှုများကို အခမဲ့ ကြည့်ရှုနိုင်မည့်အပြင်၊ ဒီဇင်ဘာလ ၃၁ ရက် (New Year's Eve) တွင် နိုင်ငံကျော်အဆိုတော် ဖြိုးပြည့်စုံနှင့် ဂျူဝယ် တို့ကလည်း လာရောက်ဖျော်ဖြေပေးသွားမည်ဖြစ်သည်။ ပွဲတော်တွင် ဒေသထွက်ကုန်ဆိုင်ခန်းများစွာ ခင်းကျင်းရောင်းချသွားမည်ဖြစ်ရာ ရပ်ဝေးရပ်နီးမှ မိဘပြည်သူများ လာရောက်လည်ပတ်နိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

news-view-count-icon

15