စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် လယ်ယာသုံးစက်ကိရိယာပြပွဲကို နေပြည်တော်၊ ပျဉ်းမနားရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံတွင် ဒီဇင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပလျက်ရှိရာ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ခဲ့သည်။ ပြပွဲတွင် ကုမ္ပဏီ ၂၂ ခုက ထွန်စက်ကြီးများ၊ စပါးရိတ်သိမ်းခြွေလှေ့စက်များ၊ အာလူးနှင့် ပီလောပီနံစိုက်စက်များ အပါအဝင် လယ်ယာသုံးစက်ကိရိယာအမျိုးအစား ၃၀၀ ကျော်ကို ပြသထားပြီး တောင်သူများအတွက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်း၊ အရစ်ကျစနစ်ဖြင့် ရောင်းချပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်းစဉ်အဆင့်ဆင့်၌ စက်ကိရိယာအသုံးပြုမှု မြှင့်တင်ရန် လိုအပ်နေသေးကြောင်း ပြောကြားခဲ့ပြီး ယခုပြပွဲသည် တောင်သူများအတွက် ခေတ်မီစက်ကိရိယာများနှင့် ရင်းနှီးကျွမ်းဝင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
နေပြည်တော်၌ လယ်ယာသုံးစက်ကိရိယာပြပွဲ စတင်ကျင်းပ
Dec 23 • 1:19 AM
Myanmar
Naypyidaw
Share
| 31 | 0 | 0 | 0 |


