မန္တလေးမှာ ဘုန်းကြီးကျောင်းပါမချန် တက်ခိုးနေလို့ ရဟန်းတော်တွေ ညကင်းစောင့်နေရ

Dec 22 • 3:31 PM

breaking-news

Myanmar

Mandalay

cover

မန္တလေးမှာ ဘုန်းကြီးကျောင်းပါမချန် တက်ခိုးနေလို့ ရဟန်းတော်တွေ ညကင်းစောင့်နေရ

မန္တလေးမြို့တွင်၊ ခိုးဆိုးနှိုက်များက ဘုန်းကြီးကျောင်းများပါမချန်တက်ခိုးနေသဖြင့်၊ ကျောင်းနေစာသင်သားရဟန်းတော်များကိုယ်တိုင် ကင်းစောင့်နေရကြောင်း ဒေသခံများထံကသိရသ...

မန္တလေးမြို့တွင်၊ ခိုးဆိုးနှိုက်များက ဘုန်းကြီးကျောင်းများပါမချန်တက်ခိုးနေသဖြင့်၊ ကျောင်းနေစာသင်သားရဟန်းတော်များကိုယ်တိုင် ကင်းစောင့်နေရကြောင်း ဒေသခံများထံကသိရသည်။ညဥ့်နက်သန်းခေါင်ကျော်အချိန်တွင်၊ ကျောင်းပေါ်အထိ အတင့်ရဲစွာတက်ခိုးနေကြခြင်းဖြစ်ပြီး၊ သူခိုးရန်မှ ကာကွယ်နိုင်ရန်အတွက်၊ ရဟန်းတော်များအလှည့်ကျညကင်းစောင့်နေကြရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။တစ်ပတ်အတွင်း၊ ဘုန်းကြီးကျောင်း(၈)ကျောင်းထက်မနည်း သူခိုးတက်ခိုးခြင်းခံထားရပြီး၊ လက်ရှိတွင် ကျောင်းလုံခြုံရေးအတွက် အကာအရံများထပ်မံဖြည့်တင်းနေရကြောင်း သိရသည်။



news-view-count-icon

28