ကရင်ပြည်နယ်ဘက်မှ လွှင့်တင်လိုက်သည့် မီးပုံပျံနှင့်အတူ ပါလာသော ပစ္စည်းများရသဖြင့် ထိုင်းရွာသားများ ပျော်ရွှင်နေ

Dec 21 • 4:59 AM

breaking-news

Myanmar

Kayin

cover

ကရင်ပြည်နယ်ဘက်မှ လွှင့်တင်လိုက်သည့် မီးပုံပျံနှင့်အတူ ပါလာသော ပစ္စည်းများရသဖြင့် ထိုင်းရွာသားများ ပျော်ရွှင်နေ

ထိုင်းနိုင်ငံ၊ ဆူရင်ပြည်နယ်၊ ခေဝါဆင်ရင်ခရိုင်၊ ဘန်ရေးဒေသမှ ဘိုအွန်ရွာသားများသည် ဒီဇင်ဘာ ၁၉ ရက်ညနေပိုင်းက အချင်း ၁၀ မီတာကျော်ရှိသော မီးပုံးပျံကြီးတခု ရွာနောက်ဘက်...

ထိုင်းနိုင်ငံ၊ ဆူရင်ပြည်နယ်၊ ခေဝါဆင်ရင်ခရိုင်၊ ဘန်ရေးဒေသမှ ဘိုအွန်ရွာသားများသည် ဒီဇင်ဘာ ၁၉ ရက်ညနေပိုင်းက အချင်း ၁၀ မီတာကျော်ရှိသော မီးပုံးပျံကြီးတခု ရွာနောက်ဘက်၌ ကျရောက်လာခြင်း ကြောင့် အံ့ဩတကြီးဖြစ်ခဲ့ကြသည်။မီးပုံးပျံကြီး မြေပြင်သို့ ကျရောက်လာသည်နှင့်တပြိုင်နက် ရွာသား ရာပေါင်းများစွာသည် အပြေးအလွှား သွားရောက်ကြည့်ခဲ့ကြသည်။ မီးပုံးပျံတွင် ချိတ်ဆွဲပါရှိလာသော အဝတ်အထည်နှင့်စောင် အမြောက် အမြားကိုလည်း ရွာသားအချို့ ရသွားကြသည်။ရွာလူကြီးက မီးပုံးပျံကို အနီးကပ်စစ်ဆေးကြည့်သည့်အခါ “ကရင်တိုင်းရင်းသား” ရိုးရာအထည်များကို တွေ့ခဲ့ရသည်။ မီးပုံးပျံပေါ်တွင်လည်း “နေရောင်ခြည်ဖြာထွက်နေသော တံဆိပ်နှင့် အပြာ၊ အဖြူ၊ အနီ အရောင်”ပါရှိသော ကရင်အလံပုံစံကိုတွေ့ရပြီး ကရင်လူမျိုးတို့ ရိုးရာပွဲတော်များတွင် ထိုအလံကို အသုံး ပြုလေ့ရှိသည်ဟု ဆိုသည်။ထိုမီးပုံးပျံကြီးသည် တာ့ခ်ခရိုင်၊ မဲဆောက်မြို့တဖက်ရှိ ကရင်ပြည်နယ်ဘက်မှ ဆူရင်ပြည်နယ်ထိ အကွာ အဝေး ၇၅၀ မှ ၈၀၀ ကီလိုမီတာခန့် အထိ လွင့်လာခြင်းဖြစ်သည်။ဒေသခံအများအပြားကလည်း “တသက်နှင့်တကိုယ် တခါမျှမမြင်ဖူး” ဟု အံ့သြစွာ ပြောဆိုနေကြပြီး ဆူရင်ပြည်နယ်၌ လူပြောအများဆုံး သတင်းထူးတခု ဖြစ်ခဲ့သည်။

news-view-count-icon

38