ဆီးဂိမ်းရွက်လှေပြိုင်ပွဲတွင် ထိုင်းမိဖုရား ရွှေတံဆိပ်ဆုဆွတ်ခူး

Dec 21 • 1:26 AM

breaking-news

Thailand

Local News

cover

ဆီးဂိမ်းရွက်လှေပြိုင်ပွဲတွင် ထိုင်းမိဖုရား ရွှေတံဆိပ်ဆုဆွတ်ခူး

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ SSL47 အမျိုးအစား ရွက်လှေပြိုင်ပွဲတွင် ထိုင်းမိဖုရား စုထီတာသည် အသင်းဖော်များနှင့်အတူ ဒီဇင်ဘာ ၁၈ ရ...

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ SSL47 အမျိုးအစား ရွက်လှေပြိုင်ပွဲတွင် ထိုင်းမိဖုရား စုထီတာသည် အသင်းဖော်များနှင့်အတူ ဒီဇင်ဘာ ၁၈ ရက်က ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ပြီး ၎င်း၏ခင်ပွန်းဖြစ်သူ ထိုင်းဘုရင်မင်းမြတ် ကိုယ်တိုင် ဆုတံဆိပ်ချီးမြှင့်ပေးအပ်ခဲ့သည်။ အသက် ၄၇ နှစ်အရွယ် မိဖုရားသည် အဆိုပါပြိုင်ပွဲတွင် နည်းစနစ်မှူးနှင့် ပဲ့ကိုင်အဖြစ် တာဝန်ယူကာ မလေးရှားနှင့် မြန်မာအသင်းတို့ကို ကျော်ဖြတ်အနိုင်ရခဲ့ခြင်းဖြစ်ပြီး၊ ယခုအောင်မြင်မှုသည် ၁၉၆၇ ခုနှစ်က ရွက်လှေပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့ဖူးသည့် ခမည်းတော် ဘုရင်ကြီး ဘူမိဘော အဒူလျာဒက်၏ တော်ဝင်အားကစားသမိုင်းကြောင်းကို ဆက်ခံလိုက်ခြင်းလည်း ဖြစ်သည်။ အားကစားဝါသနာထုံသည့် မိဖုရားသည် ယခုလအတွင်း ဘန်ကောက်မာရသွန်ပြိုင်ပွဲတွင်လည်း ပါဝင်ဆင်နွှဲခဲ့သလို ဆီးဂိမ်းဖွင့်ပွဲအခမ်းအနားတွင်လည်း ထိုင်းအားကစားအဖွဲ့ကို ကိုယ်တိုင်ဦးဆောင်ခဲ့ကြောင်း သိရသည်။

news-view-count-icon

16