ဆီးဂိမ်းစ် e-sports ပြိုင်ပွဲမှာ တရားမဝင် ဆော့ဖ်ဝဲလ်သုံးလို့ ထိုင်းအမျိုးသမီးကစားသမား ထုတ်ပယ်ခံရ

Dec 17 • 7:17 AM

breaking-news

Thailand

Local News

cover

ဆီးဂိမ်းစ် e-sports ပြိုင်ပွဲမှာ တရားမဝင် ဆော့ဖ်ဝဲလ်သုံးလို့ ထိုင်းအမျိုးသမီးကစားသမား ထုတ်ပယ်ခံရ

ထိုင်းနိုင်ငံတွင် ကျင်းပနေသည့် ၃၃ ကြိမ်မြောက် ဆီးဂိမ်းစ်Esportsပြိုင်ပွဲ၏ Arena of Valor (AOV) အမျိုးသမီးပွဲစဉ်တွင် ထိုင်းနိုင်ငံကိုယ်စားပြု TALON TH အသင်းမှ ကစ...

ထိုင်းနိုင်ငံတွင် ကျင်းပနေသည့် ၃၃ ကြိမ်မြောက် ဆီးဂိမ်းစ်Esportsပြိုင်ပွဲ၏ Arena of Valor (AOV) အမျိုးသမီးပွဲစဉ်တွင် ထိုင်းနိုင်ငံကိုယ်စားပြု TALON TH အသင်းမှ ကစားသမား ‘Tokyogurl’ သည် ဗီယက်နမ်နှင့်ကစားမည့်ပွဲ၌ တရားမဝင်ဆော့ဖ်ဝဲလ်အသုံးပြုရန် ကြိုးပမ်းခဲ့သဖြင့် ပြိုင်ပွဲမှ ထုတ်ပယ်ခံလိုက်ရသည်။ ဤဖြစ်စဉ်ကြောင့် ၎င်း၏ကလပ်အသင်းဖြစ်သော TALON က ၎င်းအား အသင်းမှချက်ချင်းထုတ်ပယ်ခဲ့ရုံသာမက၊ ထိုင်းအသင်းတစ်ဖွဲ့လုံးကလည်း တာဝန်ယူမှုရှိကြောင်းပြသရန်အတွက် ဆီးဂိမ်းစ်ပြိုင်ပွဲမှ နုတ်ထွက်သွားခဲ့သည်။ ဂိမ်းစီမံခန့်ခွဲသည့် GARENA အဖွဲ့ကလည်း အဆိုပါကစားသမားအား နောက်နောင်ကျင်းပမည့် ပြိုင်ပွဲအားလုံးတွင် ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက်သည်။ ထိုင်းနိုင်ငံတွင် အထူးလူကြိုက်များသည့် AOV ဂိမ်းပြိုင်ပွဲ၌ ယခုကဲ့သို့ စည်းကမ်းဖောက်ဖျက်မှုဖြစ်ပွားခြင်းမှာ ပြိုင်ပွဲ၏ ဂုဏ်သိက္ခာကို ကြီးမားစွာ ထိခိုက်စေခဲ့ကြောင်း သိရသည်။

news-view-count-icon

26