menu-icon
logo-icon

Global Reporter

home-icon

Home

breaking_news-icon

Breaking News

hot-icon

Hot

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow Us

Download Application

playstore-iconappstore-icondownload-app-icon

Follow Us

Download Application

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark

ဆုလာဘ်မြင့်မိုရ်ကုမ္ပဏီမှ တာချီလိတ်ကတစ်ဆင့် အိုမန်နှင့် ဂျပန်သို့ ပို့ပေးမည် ဆိုကာ ကျပ်သိန်းသောင်းချီ လိမ်လည်

Dec 14 • 7:46 AM

breaking-news

Myanmar

Local

Share

share-news
cover

ဆုလာဘ်မြင့်မိုရ်ကုမ္ပဏီမှ တာချီလိတ်ကတစ်ဆင့် အိုမန်နှင့် ဂျပန်သို့ ပို့ပေးမည် ဆိုကာ ကျပ်သိန်းသောင်းချီ လိမ်လည်

အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီဖြစ်သော ဆုလာဘ်မြင့်မိုရ်ကုမ္ပဏီသည် အသက် ၂၀ မှ ၃၀ ကြား လူငယ်များကို တာချီလိတ်မှတစ်ဆင့် ဂျပန်နှင့် အိုမန်နိုင်ငံများသို့ အလုပ်ရရန် ပို...

cover-photo

အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီဖြစ်သော ဆုလာဘ်မြင့်မိုရ်ကုမ္ပဏီသည် အသက် ၂၀ မှ ၃၀ ကြား လူငယ်များကို တာချီလိတ်မှတစ်ဆင့် ဂျပန်နှင့် အိုမန်နိုင်ငံများသို့ အလုပ်ရရန် ပို့ဆောင်ပေးမည်ဟုဆိုကာ တစ်ဦးလျှင် ကျပ်သိန်း ၁၀၀ မှ ၁၅၀ အထိ ရယူပြီး စုစုပေါင်း ကျပ်သိန်းပေါင်း တစ်သောင်းကျော် လိမ်လည်ခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြားထားသည်။ အလိမ်ခံရသူ လူ ၇၀၀ ခန့်သည် အလုပ်မရရှိဘဲ ထိုင်းနိုင်ငံ၊ ချင်းမိုင်နှင့် ဘန်ကောက်မြို့များတွင် သောင်တင်နေကြသည်ဟု စုံစမ်းသိရသည်။ ဆုလာဘ်မြင့်မိုရ်ကုမ္ပဏီသည် ယခင်ကတည်းက စည်းကမ်းမလိုက်နာမှုဖြင့် စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနမှ ရာသက်ပန်လိုင်စင်ပိတ်သိမ်းခံထားရသည့် အေဂျင်စီဖြစ်သော်လည်း ယခုကဲ့သို့ ဆက်လက် လိမ်လည်ကာ လူငယ်များကို ထိုင်းနိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

43

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ရုရှားမှပြန်လာသည့် စစ်သည်များကို ဂုဏ်ပြုကြိုဆို

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၌မီးဘေးလုံခြုံရေး မီးသတိပြုသုံးစွဲကြရန်တို့ကို ကွင်းဆင်းစစ်ဆေးအကြံပြုဆောင်ရွက်ခဲ့

cover-photo
right-arrow-icon