ဒီဇင်ဘာလ ၁၂ ရက် ညနေ ၆ နာရီကျော်အချိန်တွင်မကွေးတိုင်း မင်းဘူး-မင်းလှကားလမ်း မိုင်တိုင် ၈ မိုင် ၇ ဖာလုံတွင် ဆီအပြည့်ဖြည့်လာတဲ့ ဘောက်ဆာကားနဲ့ အိမ်စီးကား တိုက်မိခဲ့ပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ကားတိုက်မှုဖြစ်စဉ်တွင် အိမ်စီးကားပေါ်တွင် လိုက်ပါလာသူ အမျိုးသား၂ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ကားမှာလည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရရှိခဲ့သူ အမျိုးသားနှစ်ဦးကို ဒေသခံလူမှုကူညီရေးအသင်းက မင်းဘူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ပေးထားပါတယ်။



