ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားများအတွက်အလုပ်လုပ်ခွင့်လက်မှတ်(ပန်းရောင်ဘတ်)အသစ်လုပ်ငန်းစဉ် စတင်ဖွင့်လှစ်မည်

Dec 13 • 4:30 AM

breaking-news

Thailand

Local News

cover

ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားများအတွက်အလုပ်လုပ်ခွင့်လက်မှတ်(ပန်းရောင်ဘတ်)အသစ်လုပ်ငန်းစဉ် စတင်ဖွင့်လှစ်မည်

ထိုင်းရောက် မြန်မာအလုပ်သမားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ် လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်)အသစ်လုပ်ငန်းစဉ်များဒီဇင်ဘာ ၁၂ ရက်တွင်စတင် လုပ်ဆောင်နိ...

ထိုင်းရောက် မြန်မာအလုပ်သမားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ် လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်)အသစ်လုပ်ငန်းစဉ်များဒီဇင်ဘာ ၁၂ ရက်တွင်စတင် လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း သိရသည်။မြန်မာ၊ လာအို၊ ဗီယက်နမ် သုံးနိုင်ငံကအထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများဒီဇင်ဘာ ၁၂ ရက်မှ စ၍ တရားဝင် အလုပ် လုပ်ခွင့်မှတ်ပုံတင်ရန် လျှောက်ထားခွင့် ရရှိမည်ဖြစ်ပြီး ကနဦး အဆင့် ဖြစ်သည့် အမည်စာရင်း (Name List)တင်သွင်းမှုကို ဒီဇင်ဘာ ၁၂ ရက်မှ ၂၆ ရက်အထိ၁၅ ရက် အတွင်း လျှောက်ထားရမည်ဖြစ်ကြောင်းထိုင်းအစိုးရ က ကြေညာထားသည်။ဒီဇင်ဘာ ၁၂ ရက်တွင် အမည်စာရင်းတင်သွင်းထားသော မြန်မာ အလုပ်သမားများသည်Name list စာရွက်အစား ဘောတော် ၅၀ စာရွက်နှင့် ငွေရှင်းဖြတ်ပိုင်းကို ရရှိနေပြီဖြစ်ပြီး နောက်ထပ်လုပ်ငန်း စဉ်များဖြစ်သည့် သွေးစစ်ခြင်း၊ လ၀ကတွင်ဇီ၀အချက်အလက်သွင်းခြင်း၊ အလုပ်လုပ်ခွင့် လက်မှတ် အတွက် ငွေသွင်းခြင်းများ ကို ၂၀၂၆ ခုနှစ်ဖေဖော်ဝါရီ ၂၄ ရက် အထိ လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။အလုပ်လုပ်ခွင့်လက်မှတ် အသစ်လျှောက်ထားသူများသည် လာမည့် ၂၀၂၆ ခုနှစ် ဒီဇင်ဘာ၁၁ ရက်အထိ နေထိုင်ခွင့်သက်တမ်း တစ်နှစ် ရရှိမည်ဖြစ်ပြီး အလုပ်လုပ်ခွင့် လက်မှတ်ရရှိလာပြီး လ၀ကတွင် ဇီ၀အချက်အလက်သွင်းပြီးသူများအနေဖြင့် နိုင်ငံကူးလက်မှတ် သို့မဟုတ် မည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) ရှိထားပါက ဇွန်လ ၂၆ ရက်အထိ နေထိုင်ခွင့်ဗီဇာကို ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။


news-view-count-icon

25